Headlines

Carrier Logo လှလှလေးတွေထည့်ချင်သူတွေအတွက် Zeppelin (For JailBreak iOS Devices)

Posted by crrtws | Friday, September 6, 2013 | Posted in

Carrier နေရာမှာ Logo လှလှလေးတွေတင်ချင်သူတွေအတွက်ပါ…
ကဲအောက်ကပုံလေးကအတိုင်းကြီုက်တာကိုရွေးချယ်လိုက်ပါ..
ios 6 တွေမှာလဲတော်တော်လေးအဆင်ပြေပါတယ်….
ကဲလိုချင်သူတွေအတွက်ကတော့ ဒီ Source လေးကိုအပ်ပြီး Install လုပ်လိုက်ပါ။

http://cydia.myrepospace.com/phyochan/

ဖြိုးချမ်း (Admin At MMSD)

iPhone 3Gs ကို SIM Unlock လုပ်နည်း

Posted by crrtws | | Posted in

သင့် iPhone 3Gs ကို SIM Unlock ဖြစ်ဖို့ရန် About ထဲက Modem Firmware – Baseband 05.13.04 ဖြစ်ဖို့လိုပါတယ် Baseband 05.13.04 ဖြစ်ခဲ့ပါက သင့်ဖုန်းကို jailbreak လုပ်၍ Cydia ထဲတွင် http://repo666.ultran0w.com/ ထဲက ultrasn0w 1.2.8 ကို အင်စတောလုပ်ပေးပြီး ဖုန်းကိုRestart ချလိုက်ပါ ပါဝါပြန်တတ်လာသောအခါတွင် သင့်ဖုန်း SIM Unlock ဖြစ်သွားပါပြီ ။
အကယ်၍  Baseband 05.13.04 မဟုတ်ခဲ့ပါက  Baseband  ချိန်းဖို့ရန် အောက်ကနည်းအတိုင်း လုပ်ဆောင်သွားပါ သင့်စက်မှာInternet ရှိထားဖို့လိုတယ်နော် ကျနော်စမ်းသပ်ပြီး ရေးထားသောပို့စ်ဖြစ်ပါတယ် အားလုံးပဲအဆင်ပြေကြပါစေ….
လိုအပ်တာတွေ Download လုပ်ပေးပါ။
ကိုယ့်စက်မှာ iTunes ဆော့ဝဲရှိထားရပါမယ်
iTunes ဆော့ဝဲမရှိပါက Apple ဆိုက်ထဲမှာ သွားဒေါင်းပြီး အင်စတောလုပ်ပေးလိုက်ပါ
http://www.apple.com/itunes/download/
ပြီးရင် ဖုန်းကို ဖန်ဝဲအပ်ဒိတ်လုပ်ပေးဖို့ရန် ယခုလက်ရှိ iPhone 3Gs အတွက် iOS 6.1.2 ဖန်ဝဲကို ဒီမှာဒေါင်းယူပါ
http://appldnld.apple.com/iOS6.1/091-0744.20130215.2E34r/iPhone2,1_6.1.2_10B146_Restore.ipsw
လိုအပ်သော redsn0w_win_0.9.15b3 ကို ဒီမှာဒေါင်းယူပါ ပြီးရင်Zip ဖြေလိုက်ပါ ။
https://sites.google.com/a/iphone-dev.com/files/home/redsn0w_win_0.9.15b3.zip
redsn0w_win_0.9.15b3 နဲ့ ဖုန်းကို  Activating your iPhoneကို ကျော်ဖို့ရန်နဲ့ Baseband နှိမ့်ဖို့ရန် iPhone 3Gs အတွက် iOS 6.0 ဖန်ဝဲကို ဒီမှာဒေါင်းယူပါ
http://appldnld.apple.com/iOS6/Restore/041-7173.20120919.sDDMh/iPhone2,1_6.0_10A403_Restore.ipsw
ကဲအားလုံးစုံပြီဆိုရင် စပါမယ်
ဖုန်းကို ကြိုးချိတ်လိုက်ပါ iTunes ဖွင့်လိုက်ပါ သင့်ဖုန်း USB သိပြီဆိုရင် DEVICES မှာ သင့်ဖုန်းကိုချိတ်ပြီးကြောင်းပုံတတ်လာပါမယ် ဝင်လိုက်ပါ အောက်ကပုံအတိုင်း သင်မြင်တွေ့ရပါလိမ့်မယ်

အဲဒီမှာ Restore iPhone…. ကိုနှိပ်ဖို့ရန် ကီးဘုတ်က Shift ကိုဖိထားပြီး Restore iPhone… ကိုနှိပ်ပေးလိုက်ပါ အောက်ကပုံတဲ့သို့ My Computer ဘောက်လေးထွက်လာပါမယ် အဲဒီမှာ သင်ဒေါင်းထားတဲ့ iPhone 3Gs အတွက် iOS 6.1.2 ဖန်ဝဲကို ရွေးပေးလိုက်ပါ သင့်ဖုန်းကို Restore လုပ်နေပါလိမ့်မယ်

သင့်ဖုန်းကို Update လုပ်ပြီးပြီသွားသောအခါ Lock ဖုန်းဖြစ်နေတဲ့ အတွက် Activating your iPhoneကို ကျော်လို့မရသေးပါဘူး
ကျော်ဖို့ရန် ကျွန်တော်တို့  Download ပြီးသားဖြစ်တဲ့ redsn0w_win_0.9.15b3 ကို အသုံးပြုပြီး iPhone2,1_6.0_10A403_Restore.ipsw ကိုဖုန်းထဲသွင်းပေးရပါမယ် Baseband 05.13.04 သို့တစ်ခါထဲရောက်သွားပါလိမ့်မယ် ။
အောက်ကနည်းအတိုင်းလုပ်ဆောင်သွားပါ နှိပ်ရမယ့်နေရာများကိုပါ ပုံနှင့်တကွဖော်ပြပေးထားပါတယ်

redsn0w_win_0.9.15b3 ကို run ပါမယ်။ Extras ထဲဝင်ပါ Select IPSW မှာ iPhone2,1_6.0_10A403_Restore.ipsw ကိုရွေးပေးလိုက်ပါ OK >>>YES တွေပေးလိုက်ပါ
Backနဲ့ ပြန်ထွက် ပါ။ Jailbreak ထဲဝင်ပါ ပြီးရင် အဲဒီမှာ Downgrade from iPad baseband  တစ်ခုထဲကိုပဲ အမှန်ခြစ်ထားပေးပါ
ပြီးရင် Next နှိပ်ပါ နောက်တစ်ခါ Next ပြတဲ့အခါ နှိပ်လို့ရဖို့ရန် ဖုန်းကို Power ပိတ်လိုက်ပါ Next ကိုနှိပ်လို့ရသွားပါပြီ နှိပ်လိုက်ပါ
အဲဒီမှာ သူလုပ်ဆောင်ခိုင်းတဲ့အတိုင်း အဆင့် 1 , 2 , 3 ဖြစ်တဲ့ DFU Mode ကိုမှန်အောင်နှိပ်ပေးရပါမယ် ။
နှိပ်နည်းကတော့ အဆင့်1ကတော့ Power + Home ကို တွဲလျှက်ဖိထားပါ
အဆင့်2ရောက်သွားတဲ့အခါ ပြန်လွှတ်ပြီး Power + Home ကို တွဲလျှက်ပြန်ဖိထားပါ
အဆင့်3ရောက်သွားတဲ့အခါ Power ခုလုတ်ကိုပဲလွတ်ပေးလိုက်ပါ Home ခုလုတ်ကိုတော့ဖိထားပေးပါ ခဏကြာတဲ့အခါ Loding အပြာရောင် မျဉ်းပြာတန်း စတင်ပြေးနေပါပြီ အဲအခါကြ Home ခုလုတ်ကို လွှတ်ပေးလိုက်လို့ရပါပြီ
သင့်ဖုန်းထဲကို Downgrade from iPad baseband လုပ်ဆောင်နေပါပြီ
ပြီးသွားတဲ့အခါ Activating your iPhoneကို ကျော်လို့ရသွားပါပြီ ပြီးရင် About ထဲမှာ Modem Firmware – Baseband 05.13.04 သို့ ရောက်ရှိသွားပါပြီ
သင့်ဖုန်းကို evasi0n နဲ့  jailbreak လုပ်၍ အထက်တွင် ရေးသားခဲ့သည့်အတိုင်း Cydia ထဲတွင် http://repo666.ultran0w.com/ ထဲက ultrasn0w 1.2.8 ကို အင်စတောလုပ်ပေးပြီး ဖုန်းကိုRestart ချလိုက်ပါ ပါဝါပြန်တတ်လာသောအခါတွင် သင့်ဖုန်း SIM Unlock ဖြစ်သွားပါပြီ ။
iOS 6 jailbreak အတွက် evasi0n ကို ဒီမှာသွားရောက်ဒေါင်းယူပါ
http://evasi0n.com/
jailbreak လုပ်နည်းက အရမ်းကိုလွယ်ကူပါတယ် ဖုန်းကိုကြိုးချိတ် evasi0n ဆော့ဝဲကိုဖွင့် jailbreak ဆိုတဲ့စာလေးကိုနှိပ်လိုက် မျဉ်းပြာတန်းသွားနေပါပြီ တဝတ်ကျော်လိုက်ရောက်ရင် evasi0n ဆော့ဝဲမှာ စာမှိတ်တုတ် မှိတ်တုတ်ပြပါလိမ့်မယ် သင့်ဖုန်းက evasi0n အိုင်ကိုလေးကို နှိပ်ခိုင်းတာပါ နှိပ်ပေးလိုက်ပါ မျဉ်းပြာတန်းပြည့်သွားပါလိမ့်မယ် jailbreak လုပ်လို့ပြီးသွားပါပြီ :-)
ဝိုင်းဝန်းကူညီပေးကြသော MMF အဖွဲ့သားများကိုလဲ ကျေးဇူးအထူးတင်ပါတယ် ။
ခိခိ ပုံများကိုတော့ ဖိုရမ်ထဲက ကို Zayar Aung တင်ထားတာတွေကို မလာတာပါ :-D
အားလုံးပဲ အဆင်ပြေကြပါစေ…..။
Post By : Djjoe Man (MMF)
Credit To MMF (Myanmar Mobile Forum)

Metroon (Window 8 Themes For jailbreak ios devices)

Posted by crrtws | | Posted in

index
iOS ပေါ်မှာပဲ Window လိုခံစားစေချင်သူတွေအတွက်ပါ…
Window Themes လေးနဲ့တော်တော်လေးမိုက်တာတွေရပါတယ်…
ဒီ Themes လေးကိုသုံးချင်သူတွေအနေနဲ့ကတော့ Dream Board လေးရှိဖို့လိုအပ်ပါတယ်…
ဒီ Cydia Tweaks လေးနာမည်ကတော့ Metroon ပဲဖြစ်ပါတယ်..
Dream Board မရှိသေးရင်လဲ ဒီ Source လေးကိုပဲ Add ပြီးနှစ်ခုလုံးကို Install လုပ်လိုက်ပါ..
ပြီးရင်တော့ Dream Board ထဲဝင်ပြီးပြောင်းရင်ရပါပြီ။

http://cydia.myrepospace.com/phyochan/

Five Column Spring Board (For Jailbreak iOS Devices)

Posted by crrtws | | Posted in

iphone တွေမှာ မူလက 4 Column ပဲ Spring Board မှာပါပါတယ်….
ဒီတော့ 5 ခုအနေနဲ့သုံးလို့ရအောင် ဒီ Cydia Tweaks လေးကကူညီပါလိမ့်မယ်…..
ဒီ Tweaks လေးသွင်းပြီးရင်တော့ ဖုန်းဟာဒီလိုပုံစံလေးဖြစ်သွားမှာပါ…
ကဲဒီပုံလေးကြိုက်ရင်တော့ ဒီ Source မှာ Add ပြီး Install လုပ်လိုက်ပါ။

http://cydia.myrepospace.com/phyochan/

 ဖြိုးချမ်း (Admin At MMSD)

Deb က နေ ipa ပြောင်းကာ iTool နဲ့ အလွယ်တကူထည့်လို့ရအောင်လုပ်နည်း

Posted by crrtws | | Posted in

သတိမမူဂူမမြင်ဆိုတဲ့ စကားလေးက အမှန်သားဗျ။ဒီ နည်းလေး ကနည်း သိရင်တော့ လွယ်လွယ်လေးပေါ့ ဗျာ။ဒီနည်းလေးကို ကျွန်တော် jailbreak မလုပ် ဖူးသေးခင် တည်း က ရှာဖွေ တွေ့ရှိခဲ့တာ ပါ။ တော်တော် လေး ကြာ ပါပြီ။အခု နည်း နှစ်နည်းနဲ့ လုပ်ပြ သွားမှာ ပါ။

ပထမနည်း က iTool နဲ့ iTune ရှိရင်  ရပါပြီ။ ကျွန်တော် quick lock.deb လေးကို အစမ်းပြောင်းပြ ပေးသွားမှာပါ။ အရင်ဆုံး cyida က နေ quick lock လေးကို install လုပ် ပါ။ပြီးရင် iTool နဲ့ ဖုန်းကို ချိတ်လိုက် ပါ။ ပြီးရင် iTool ကနေ ဒီ QuickLock.app ဆိုတဲ့ folder လေး ရအောင် ထုတ် ရမှာပါ။

iTool>>file system>>Apps(User)>>app(ကိုယ် ထု တ် မဲ့ application name)Folder ကို right click နဲ့ copy to local ကနေ  destop ပေါ်တင်လိုက်ပါ။ပုံမှာလည်းပြထား ပါ တယ်။ ဒီ ကနေ လဲ သွားလို့ရတယ် ။( iTool >> File System >> File System(Jailbreaked) >> var >> mobile >> Applications  )



ရလာတဲ့ QuickLock.app folder လေး ကို iTune က Add to Folder Libray က နေ add လုပ် ရ မှာ ပါ။






add ပြီး ရင် iTune က folder က နေ auto ipa change ပေး လို့ applicton လေးကို တွေ့ရပါမယ်။ အဲဒီ application ကို right clcik>>show in windows exploer လို့ လုပ် ရင် ipa ပြောင်း သွားတဲ့ application လေး ကို တွေ့ရ ပါမယ်။



ကဲ quicklock.ipa လေးရ သွား ပါပြီ ။ ထုံး စံ တမ်း  appsync သွင်း ပြီး iTool နဲ့ ဖြစ်စေ iTune က နေ ပဲ ဖြစ်စေ အ လွယ် တ ကူ ထည့် လို့ ရ သွား ပါ ပြီ။လွယ် တယ် မ ပာုတ် လား ။ နည်း မ သိ ရ င်ေ တာ့ programming တွေ လို မယ် ထင် လိမ့် မယ်။
(မှတ် ချက် iTune latest verison တွေ မှာ meun bar hide ထားတတ် ပါ တယ် ။ ဒီ မှာ ပုံ နဲ့ ပြ ထား ပါ တယ်။ show လုပ် ပေး လိုက် ပါ။)



____________________________________________________________________


နောက် တစ် နည်း က တော့ 7zip software သုံးပြီး quicklock.deb က နေ ပြောင်းမှာပါ။
7zip မရှိရင် ဒေါင်းရန်
for 32 bit :  http://fs36.filehippo.com/2957/b94c8b774b8c43adb581a624cc7d32f5/7z922.exe
for 64 bit :  http://fs36.filehippo.com/2957/a39c34625bb54f35b55107bdbe4bce31/7z922-x64.msi

7zip install ပြီး သွား ရင် deb ဖိုင် ကို right click>>7Zip>>Open Archive နဲ့ ဖွင့်ရမှာပါ။အထဲမှာ data.tar တွေ့မှာ ပါ ။ click နှိပ်ပြီးထပ်ဝင်ပါ။ application>>quilcklock.app folder ကို drag and drop ဆွဲပြီး destop ပုံတင်ပါ။
အပေါ် က အဆင့်ပြန်ရောက် သွား ပြီနော်။ iTune က နေ add လိုက် ပါတော့။
အဲဒီ လို မလုပ် ချင် ရင် ခု န quicklock.app ကို 7zip သုံးပြီး zip ပြောင်းပါ။ပြီးရင် Extension ကို .zip က နေ .ipa ပြောင်းလိုက်ပါ။
ok ပါပြီ။

__________________________________________________________________________

ကဲ ipa ပြောင်း ပြီး တော့ custom logo လေး change နည်းပါ ဆက်ပြော ပေး ပါ့မယ်။

1. change the .ipa to .zip and unzip it
2. open the Payload Folder look at the contents in the appname.app
3. copy the icon.png to desktop
4. change the name of the copy of icon.png to iTunesArtwork and also remove the .png extension
5. compress both iTunesArtwork and Payload together
6. change the Archive.zip into appname.ipa
7. open with iTunes and your done

From Libra
Kyaw Zin Linn

credit: http://www.myanmarmobilesoftwaredeveloper.com

IOS 6 To 6.1 Jailbreak (Update)

Posted by crrtws | | Posted in

abcd1234



evasi0n v1.1 released ထွက်ရှိလို့လာပြန်ပါပြီး။ သူက weather နဲ့ longer reboot times ကို ပါဖြေရှင်းထားတယ်လို့ဆိုပါတယ်။ ကျွန်တော်လဲ သေချာအောင်လို့ ကျွန်တော် iPhone ကို restore ချပြီး evasi0n v1.1 နဲ့ပြန်လည် Jailbreak လုပ်ခဲရာ weather နဲ့ longer reboot times  တယ်ကယ်ဖြေရှင်ပေးခဲ့ပါတယ်။

Download Link >>  evasi0n v1.1 (For Window)
Download Link >>  evasi0n v1.1 (For Mac)
Download Link >>  evasi0n v1.1 (For Linux)
evasion 1.1
လုပ်နည်းကိုတော့ ဒီမှာ  IOS 6.0 to IOS6.1 Jailbreak  ကိုချစ်စမ်းမောင်ရေးသားထားနဲ့ တူတူ ပါပဲ။ ကျွန်တော်ထပ်မရးတော့ပါဘူး။ အားလုံးအဆင်ပြေကြပါစေ။

credit: http://www.myanmarmobilesoftwaredeveloper.com

Jailbreak မပျက်ပဲ iOS ကို Restore လုပ်ကြရအောင် (iOS 4.x.x > iOS 6.x.x)

Posted by crrtws | | Posted in

Jailbreak လုပ်ထားသော iPhone, iPad, iPod အစရှိသည့် iDevices များမှာ အကြောင်းအမျိုးမျိုးကြောင့် ဘက်ထရီ အစားမြန်နေခြင်း၊ Safe mode တွင် တစ်ဝဲလည်လည်ဖြစ်နေခြင်းနှင့် ဘာမှ လုပ်မရပဲ ပန်းသီး Logo မှာ ရပ်နေခြင်း အစရှိသော ပြဿနာများ အခန့်  မသင့်ပါက ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။

ဒီအခါမျိုးမှာ iDevice ကို Restore ပြန်လုပ်လိုက်ရင် Firmware update ဖြစ်သွားပြီး Jailbreak လည်းပြုတ်သွားပါတယ်။
မိမိ Update Restore လုပ်မိသော Firmware သည် လက်ရှိမှာ Jailbreak ရရှိနေပါက Jailbreak ပြန်လုပ်ရန် လွယ်ကူသော်လည်း၊ Jailbreak မရရှိသေးတဲ့ Firmware ဖြစ်ပါက ဘာမှ မတတ်နိုင်တော့ပါ။

အထူးသဖြင့် software ဖြင့် Unlocked လုပ်ထားသော Locked ဖုန်းများမှာ အကြီးအကျယ် ဒုက္ခရောက်ပါပြီ...
အဲဒီ ပြဿနာများကို Computer အကူညီမလိုပဲ တစ်ချက်ထဲနဲ့  ဖြေရှင်းနိုင်ဖို့  ဆိုရင်...
အထက်ပါပြဿနာများ ဖြစ်လာပါက မိမိလက်ရှိ အသုံးပြုနေသော Firmware version ကို Jailbreak မပြုတ်စေပဲ Restore လုပ်နိုင်တဲ့ Tweak လေးတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ...

iLEX R.A.T လို့  အမည်ရပြီး Jailbreak သမားတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ Tweak လေးတစ်ခု ဖြစ်ပါတယ်။

iLEX R.A.T က ဖြေရှင်းပေးနိုင်တဲ့ ပြဿနာတွေက..

  • Battery အစားမြန်ခြင်း
  • Safe Mode မှာ ပါတ်နေခြင်း
  • Apple Logo မှာ တစ်နေခြင်း နှင့် အခြား ပြဿနာများလည်း ရှင်းပေးနိုင်ပါတယ်


iLEX R.A.T ကို iOS 4.x.x ကနေ iOS 6.x.x အထိ အသုံးပြုနေကြသော iPhone, iPad, iPad တို့ အားလုံးမှာ အလုပ်လုပ်နိုင်ပါလိမ့်မယ်..

iLEX R.A.T ၏ လက်ရှိနောက်ဆုံး Version အသစ်ဟာ (1.10-125) ဖြစ်ပြီး အရင် Version အဟောင်းနှင့် ကွာခြားချက်ကတော့ "Mobile Terminal" ရှိထားရန် မလိုတော့ပဲ တိုက်ရိုက် Restore လုပ်နိုင်သွားပါပြီ..
iLEX R.A.T ကို Run လိုက်တာနဲ့  "iLEX R.A.T" နှင့် "iLEX RESTORE" option နှစ်ခုကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။


ယင်း Option နှစ်ခုက တစ်ခုနှင့် တစ်ခု လုပ်ဆောင်ချက် အနည်းငယ် ကွားခြားပါတယ်။

"iLEX R.A.T"
  • မိမိ iDevice ထဲမှာ Install လုပ်ထားသော Cydia Tweaks တွေ အားလုံးကိုသာ ဖျက်ပစ်မှာဖြစ်ပါတယ်။
  • Settings နှင့် တစ်ကွ အခြားအရာများအားလုံး အရင်အတိုင်းပဲ မပျက်ပါ။
  • Jailbreak မပျက်ပါ (Cydia) icon ကို Home screen တွင် တွေ့ ရပါလိမ့်မည်။


"iLEX RESTORE"
  • မိမိ iDevice ထဲက အရာများများအားလုံးကို ဖျက်ပစ်ပြီး Stock firmware ဖြစ်အောင် Restore ပြန်လုပ်မှာ ဖြစ်ပါတယ်။
  • Reboot ပြန်တက်လာသည့် အခါ "Activation" ပါ အစ/ဆုံး ပြန်လုပ်ရန် လိုအပ်ပါတယ်။
  • Jailbreak မပျက်ပါ (Cydia) icon ကို Home screen တွင် တွေ့ ရပါလိမ့်မည်။


iLEX R.A.T ၏ Source " http://cydia.myrepospace.com/iLEXiNFO/ " ကို Cydia -> Edit -> Add နှင့် ထည်းသွင်းပြီး "iLEX R.A.T." ကိုသာ Install လုပ်ပါ။

"iLEX R.A.T" အသုံးပြုနည်း

နှစ်မျိုးရှိပါတယ် ပထမနည်းကတော့ မိမိ iDevice ၏ Home screen ရှိ "iLEX R.A.T" App ကိုနှိပ်ပြီး စိတ်ကြိုက် Option တစ်ခု ရွေးချယ်ပါက အလိုလျှောက် လုပ်ဆောင်သွားပါလိမ့်မည်။

ဒုတိယနည်းကတော့ PC ရှိ iFunBox ကို အသုံးပြုနည်းဖြစ်ပါတယ်..

၁) iDevice ကို PC နှင့် ချိပ်ဆက်လိုက်ပြီး "iFunBox" ကို Run ပါ။

၂) မိမိ Device ကို detect သိပါက ပုံတွင်ပြထားသည့်အတိုင်း (Quick Toolbox) tab ကို ရွေးလိုက်ပါ။


၃) ထို့ နောက် "SSH Terminal" ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း Box တစ်ခုတက်လာပါက အနီနှင့် ပြထားသော နေရာတွင် " rat " ဟုရိုက်ပါ။


၎) နောက်ဆုံးမှာ (Option 1) " 1 " ဟုရိုက်ပါ (Apple Logo မှာ တစ်နေသူများအတွက်)

အခြား Option များကိုတော့ လိုအပ်သလို ရွေးချယ်ပါ။ Fully Restore လုပ်လိုလျှင် (Option 12) " 12 " ဟုရိုက်ပါ။

၅) ပြီးလျှင် "Enter" နှိပ်ပါ။

၆) " Y " ဟုရိုက်ပါ။

ဒါဆိုရင် လုပ်ငန်းစဉ်အားလုံးကို အလိုလို လုပ်ဆောင်သွားမှာ ဖြစ်ပြီး နောက်ဆုံးမှာ ပြဿနာအားလုံး ပြေလည်းသွားပါလိမ့်မည်။

** မှတ်ချက်။ ။ Restore လုပ်ပါက မိမိ Device တွင်းရှိ Data များအားလုံး ပျက်သွားမည်ကို သတိရှိပါ။ **




Credit to : iLEX R.A.T.


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

ကြော်ငြာ Banner များကို "Click" လုပ်ပေးခြင်းဖြင့် မေတ္တာတုံ့ ပြန် အသိအမှတ် ပြုနိုင်ပါတယ်

မိုးသိကြား

iTunes 11.0.4.4 for Windows and Mac

Posted by crrtws | | Posted in


Apple Device သုံးနေတဲ့သူတွေအတွက် iTunes ကို မသိလို့မရသလို မဆောင်ထားလို့လည်း မရလောက်အောင် အသုံးတည့်ပါတယ်.. iTunes Store ကနေ Video တွေနဲ့ Music တွေ ဒေါင်းနိုင်တယ်.. PC နဲ့ iDevice တွဲပြီး Data တွေ အပြန်အလှန် Sync လုပ်နိုင်တယ်.. ထွေထွေထူးထူး ပြောမနေတော့ပါဘူးဗျာ.. iDevice သုံးနေမှတော့ ဒီကောင်ကို သုံးတတ်မှာပါ..

iTunes is a free application for your PC. It organizes and plays your digital music and video on your computer. It keeps all your content in sync. And its a store on your computer, iPod touch, iPhone, iPad, and Apple TV that has everything you need to be entertained.

အဆင်ပြေပါစေ..

မောင်ပေါက်

iFile ဆိုတာ ဘာလဲ..? ဘယ်လိုသုံးကြမလဲ..?

Posted by crrtws | | Posted in


iDevice တွေကို Jailbreak လုပ်ပြီး သုံးနေကြသူ၊ များသောအားဖြင့် "iFile" ဆိုတာလေးကို ကြားဖူးကြပါလိမ့်မယ် သို့ ပေမယ့် ဘယ်နေရာမှာ သုံးတာလဲ၊ ဘာအတွက် သုံးကြရသလဲ ဆိုတာကိုတော့ သေသေချာချာ မသိသူတွေ အများကြီး ရှိကောင်း ရှိနေကြဦးမှာပါ။

ဒါကြောင့် ယခု "iFile ဆိုတာ ဘာလဲ...?" ဆိုတဲ့ ဆောင်းပါးလေးနဲ့  မသိသေးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ရပါတယ်...

Apple ရဲ့  Mac computer ကို သုံးဖူးသူတွေ အနေနဲ့ တော့ "Finder" ဆိုတာကို ရင်းနှီးကြပြီးသားဖြစ်ပါလိမ့်မယ် (Windows မှာဆိုရင်တော့ "Explorer" ပဲပေါ့)။ "Finder" ကို ရင်းနှီးပြီးသား ဖြစ်မယ်ဆိုရင်တော့ "iFile" ဆိုတာ မစိမ်းတော့ပါဘူး။
"iFile" ဆိုတာဟာ iOS အတွက် "Finder" လိုပဲ မရှိမဖြစ်အရေးပါတဲ့ App တစ်ခုပါ။ ဒါပေမယ့် Jailbreak လုပ်ထားတဲ့ iDevice များမှာသာ "iFile" App ကို သွင်းယူနိုင်ခွင့်ရှိပါတယ်။

"iFile" ရဲ့  လုပ်ဆောင်ချက်တွေကတော့ အများကြီးပါ အဓိကအချက်ကို ခြုံငုံပြောရမည်ဆိုပါက မိမိ iDevice တွင်းရှိ System files များအပါအဝင် အခြား file များကိုပါ "manage" လုပ်နိုင်ပါတယ်။ "manage" လုပ်နိုင်ပြီ ဆိုထဲက File တွေကို မိမိစိတ်ကြိုက် Rename, Edit, Copy, Paste, Creat... အစသည်ဖြင့်တို့  လုပ်ဆောင်နိုင်ပါတယ်။

ဒီအပြင် ".deb" file များကိုလည်း "iFile" မှ နေ၍ တိုက်ရိုက် Install လုပ်နိုင်ပါတယ်။ ဆိုကြပါဆို့  "tweaks" တွေကို ".deb" file အနေနဲ့  website တစ်ခုကနေ download ချဖို့ ကြိုးစားတဲ့အခါ မိမိမှာ "iFile" Install မလုပ်ထားဖူးဆိုရင် "Safari" က error message သာ ပေါ်လာမှာဖြစ်ပါတယ်။
"iFile" ရှိနေပါက အောက်ပါပုံအတိုင်း ပေါ်လာပြီး အဆင်ပြေပြေ download လုပ်နိုင်၊ Install လုပ်နိုင်မှာဖြစ်ပါတယ်။



နောက်ထပ်အရေးပါ သိသာတဲ့ အချက်ကတော့ File တွေကို WiFi, Bluetooth တွေအသုံးပြုပြီး "Transfer" လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ "iFile" က သင့်ကို WiFi server တစ်ခုအဖြစ် ထောင်ခွင့်ပေးပြီး အဲဒီ WiFi မှာ အတူတစ်ကွ အသုံးပြုနေကြသူ အချင်ချင်း မည်သည့် web browser ကိုမဆို အသုံးပြု၍ ချိပ်ဆက်နိုင်ပါတယ်။ Bluetooth အနေနဲ့ ကတော့ "iFile" သွင်းထားတဲ့ iPhone နှစ်လုံးအချင်းချင်း ပေးပို့ နိုင်ပါလိမ့်မယ်။

ဒါကြောင့်မို့  Jailbreak လုပ်ထားကြတဲ့ မိတ်ဆွေများ အားလုံး အတွက် "iFile" ဆိုတာကို မရှိမနေ သွင်းထားဖို့  လိုအပ်ကြောင်း တိုက်တွန်းအပ်ပါတယ်...
ဒီမှာ iFile ၏ လုပ်ဆောင်ချက်များ ဗွီဒီယို


iFile ရယူနိုင်ရန်အတွက် "Cydia" မှ တိုက်ရိုက် source သွင်းယူ၍၎င်း၊ ".deb" file ကိုရယူ၍ ဤနည်းဖြင့် တစ်ဆင့် သွင်းယူ၍သော်၎င်း ရယူနိုင်ပါသည်။

Cydia တွင် Source အဖြစ် "http://sinfuliphonerepo.com" ကိုသွင်းယူပြီးနောက် "iFile Cracked" ကို ရှာ၍ Install လုပ်ပါ။

>> Download iFile 1.9.1-1.deb 

Credit to မိုးသိကြား

iPhone 4 နှင့် 3Gs (Lock phone) အသုံးပြုသူများ iOS 6.1 ကို software unlock ပြုလုပ်နိုင်ကြပါပြီ...

Posted by crrtws | | Posted in

iPhone များကို software unlock ပြုလုပ်နိုင်ဖို့  အမြဲကြိုးပမ်းနေသော "ultrasn0w" က version 1.2.8 ကို အသစ်ထပ်မံ update လုပ်ပေးလိုက်တဲ့ အတွက် iOS 6.1 ကို unlock ပြုလုပ်နိုင်ကြပါပြီ။



"ultrasn0w 1.2.8" ကို အသုံးပြုပြီး unlock လုပ်နိုင်တဲ့ Baseband များကတော့..
iPhone 4 : 01.59.00
iPhone 3G/3Gs : 04.26.08, 05.11.07, 0.5.12.01, 05.13.04 or 06.15.00

တို့ ဖြစ်ပါတယ်။

မိမိ iPhone ရဲ့  Baseband ကို စစ်ဆေးရန် Settings -> General -> About မှ "Modem Firmware" ကို ကြည့်ရမှာဖြစ်ပါတယ်။

"ultrasn0w" ကို Install လုပ်နိုင်ရန် Cydia -> Sources -> Edit -> Add မှာ "http//repo666.ultrasn0w.com" ဟု ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

ထိုနောက် Cydia -> Search တွင် "ultrasn0w" ဟုရှာပြီး Install လုပ်ပါ။

မှတ်ချက်။ ။ "sn0w" စာလုံးတွင် "အို" အစား "သုည(Zero)" ကို ရိုက်ပါ။ **အထူးသတိပြုရန်**

Unlock လုပ်နိုင်ရန် အထက်ပါ Baseband များနှင့် ကိုက်ညီနေသော်လည်း မိမိ၏ iPhone 4,3G,3Gs မှာ iOS 6.1 မဖြစ်သေးပါက firmware ကို iTunes နှင့် တိုက်ရိုက်ချိပ်ဆက်၍ Update မလုပ်မိစေရန် သတိပြုပါ။

မိမိတို့ ၏ Unlock baseband ကို မပျက်စီးစေပဲ iOS 6.1 သို့  Update လုပ်နည်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်...

မိုးသိကြား ရဲ့ပို့စ်ကို တိုက်ရိုက်မျှဝေတာဖြစ်ပါတယ်..

Free Apple ID ကို Computer iTuneမှလုပ်နည်း

Posted by crrtws | | Posted in

ကဲApple ID လုပ်မရပါဘူး အော်နေသူများ ပိုးညို နဲ့တူတူ Apple Free ID ကို PCရဲ့ iTune ကနေလုပ်ရအောင်။
၁။ကွန်ပြူတာကနေ iTune ကိုဖွင့်ပြီး iTune Storeထဲ
ဝင်ပါ။
၂။free ရနိုင်မဲ့Applicationလေး ထဲဝင်ပြီးဒေါင်းပါမယ်။
ပုံတွေအတိုင်းတဆင့်ချင်းစီလုပ်ကြတာပေါ့။





Passwoardပေးတဲ့အခါ
၁)ရှေ့ဆုံးစာလုံးအကြီးဖြစ်ရပါမယ်။
၂)စာလုံးတူနေတာ၃ခါမဖြစ်ရပါဘူး။
၃)passwordထဲမှာဂဏန်းစာလုံးတွေပါရပါမယ်။
၎)အနဲဆုံးစာလုံးရေ၈လုံရှိပါမယ်။
၅)password/ idဟာ တခြားလက်ရှိသုံးနေပြီးသားအဟောင်းမဖြစ်
ရပါဘူး။
(ဥပမာ— Mmasmmug007)

ဒီနေရာမှာတခုပြောချင်တာကFree account လုပ်တာ
၁။ရတဲ့နိုင်ငံရသလိုမရတဲ့နိုင်ငံမရပါဘူး။
၂။Gift Cardဝယ်ထည့်ရင်လဲ ဂျပန်က Gift Card ကို
ဂျပန်စတိုးမှာပဲရပါတယ်။
Free IDကို ပိုးညိုက ဂျပန်စတိုး ကနေလုပ်ပြ ပါမယ်။
နိုင်ငံပြောင်းချင်ရင်တော့ အပေါ်ကပုံအတိုင်း အပြာဝိုင်းပြထားတဲ့
နေရာမှာ ပြောင်းလို့ ရပါတယ်။

လိပ်စာရေး တဲ့နေရာမှာ ဂျပန်စတိုး ကနေလုပ်မည့် မြန်မာနှင့်
တခြားနိုင်ငံမှ သူငယ်ချင်းများ အောက်ပါလိပ်စာ ယူသုံးလဲ
ရပါတယ်။
Postal Code—453-0014
Aichi Ken, nagoyashi,
Nakamuraku,Noritake 1-7-12,
Sunraifu noritake 6B
၃။Creat Apple ID ပြီးရင်တော့ Account ကိုVerify မေလ်းပို့ပေးပြီး ပုံပါအတိုင်း
Verify လုပ်ပေးလိုက်ပါ။



Account verify လုပ်ဖို့ မိမိ gmailထဲကိုသွားပြီး apple ကပို့ထားတဲ့ verify mailထဲဝင်ပြီး verify Now
ကိုနှိပ်ပေးလိုက်ပါ။



၎။ID verified ဖြစ်သွားပြီဆို ပုံလေးတွေအတိုင်းItune
ကိုသွားပြီးApplication တွေဒေါင်းလို့ရပါပြီ။





စစချင်းဒေါင်းတဲ့အချိန်ကျရင်တော့Sing in ဝင်ခိုင်း ပြီး my account settingထဲ ရောက်
သွားပါလိမ့်မယ်။
Done လုပ်ပြီးပြန်ထွက်လိုက်ပါ။
နောက်တခါပြန်ဒေါင်း ပါရသွားပါလိမ့်မယ်။
၅။ပိုက်ဆံပေးရတဲ့Applicationဝယ်ချင်ရင်တော့ Billing
information ကို ပြန်ပြင်ပေးရပါမယ်။



မှတ်ချက်။ ။ ပီစီတခုကအိုင်ကျွန်းတခုမှာအကောင့်တခုပဲသုံးလို့ရ
ပါတယ်။ဆိုလိုချင်တာကတပြိုင်တည်းသုံးမရဘူးဆိုတဲ့သဘောပါ။
ထို့ကြောင့်မိမိ ideviceထဲ sync လုပ်လျှင်လဲ sign inဝင်ပြီးဒေါင်းထားသော Appliများသာရမည်။
ကဲဒီလောက်ဆိုအဆင်ပြေမယ်ထင်ပါရဲ့။
မိမိiDevice ကနေတိုက်ရိုက် Apple IDလုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ လေ့လာပါ။
ရွှင်လန်းချမ့်မြေ့ကြပါစေ။
ပိုးညို(ポニョ)
MMAS/MMUG


 aungsiphyo81@gmail.com
account လုပ်လုပ်ချင်း မှာ တောင်းတဲ့ select your country or region မှာ United State ကို ရွေးပေးပြီး ကျွန်တော်ပေးထားတဲ့ website မှာပါတဲ့ ကြိုက်တဲ့လိပ်စာကို ယူသုံးလို့ရပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။
ကျွန်တော် အနေနဲ့ Apple application store မှာ account လုပ်ချင်သူများအတွက် အပေါ်မှာ ဖော်ပြပါလိပ်စာ တစ်ခုတည်းကို မသုံးချင်ဘူး။ နောက်ထပ်လိပ်စာတွေ သုံးချင်သေးတယ်။ နိုင်ငံခြားမှာလည်း သူငယ်ချင်းတွေ အသိတွေ မရှိတဲ့သူတွေအတွက် USA Address Generator ဆိုတဲ့ website link လေး ထပ်ဖြည့်ပေးလိုက်ပါတယ်။
http://names.igopaygo.com/street/american_address

Source : Myanmar Mobile Application Store

iPhone, iPad တွေကို Jailbreak လုပ်စရာမလို၊ Apple ID ရှိစရာမလိုပဲ App တွေသွင်းကြရအောင်

Posted by crrtws | | Posted in


အခုတင်လိုက်တဲ့ Software လေးကတော့ Apple ရဲ့ iDevices တွေကို Jailbreak လုပ်စရာမလို၊ Apple ID လုပ်ထားစရာမလို၊ iTune ရှိစရာမလိုပဲ Apps 60000 ကျော်ကို iPhone, iPad တွေမှာ PC ကနေ အလွယ်တကူသွင်းနိုင်မဲ့ PC Software လေးပါ။ အသုံးပြုရတာလဲလွယ်ပါတယ်။ PC ကို Internet ချိတ်၊ Software လေးကို Run၊ iDevice ကိုကွန်ပျူတာနဲ့ချိတ်ထားရုံပါပဲ။ လိုချင်တဲ့ App ကို အမည်နဲ့ရှာလို့လဲ ရပါတယ်။ Software ရဲ့ Size ကလည်း 2Mb လောက်ပဲရှိပါတယ်။ နေ့စဉ် Software/Apps Update တွေလဲရှိပါတယ်။ iOS 6 ထိ Support ပါတယ်။

1. Simple, no registration login, regardless of whether the phone jailbreak without knowing iTunes , download and install the Apple games and software, a key to complete.
2. Massive game and software every day, a large number of updates to keep abreast of the latest Apple fashion.
3. Assured security, can not escape the direct use, no longer worried about the various fault because of the jailbreak.
4. Compact and efficient software, 1.47M installation package download instant fast start at the same time, the system resource consumption is very low.


ဒီမှာ
ဒီမှာဒေါင်းပါ

Post တင်သူ မျိုးမင်းထွန်း (myommh@gmail.com)

iOS5 အတွက် မြန်မာစာနှင့်ကီးဘုတ်ထည့်နည်း

Posted by crrtws | | Posted in

ပထမဆုံး iOS 5 အတွက် မြန်မာစာကီးဘုတ် ကိုရေးသားပေးတဲ့
iOS 5 MM Keyboard Developer ကိုမိုးစက် ကိုကျေးဇူးတင်စကားပြောလိုက်ရအောင်….
အများကောင်းကျိုးအတွက် ရည့်ရွယ်ချက်ထားပြီး ကြိုးစားပေးခဲ့တဲ့ အတွက် ဂုဏ်ယူပြီး အားကျမိပါတယ်။
iOS 5 စထွက်ကထဲက မြန်မာစာအတွက် အဆင်ပြေခဲ့ပြီး မြန်မာစာကီးဘုတ်အတွက်
အဆင်မပြေခဲ့ပါဘူး။ Apple device အသုံးပြုတဲ့ မြန်မာလူမျိုးတွေအတွက် iOS 5 အထက်ကို
Update လုပ်ချင်ပေမဲ့ ကီးဘုတ်အသုံးပြုဖို့ အဆင်မပြေတဲ့အတွက်
တချို့ဆိုရင် iOS update လုပ်ချင်တဲ့ ရည်ရွယ်ချက်လေးတွေ ပျောက်ပျယ်ခဲ့ရပါတယ်။
အခု iOS 5 အတွက် မြန်မာစာကီးဘုတ်ထွက်ပြီဆိုတာနဲ့ ကျွန်တော်တို့
မြန်မာ Mobile Application Store က Admin ကိုသက်နိုင်စိုးက iOS 5 အတွက်
မန်မာစာကီးဘုတ်ထွက်ပါပြီ ဆိုတဲ့ ပို့စ်တခု တင်ပေးခဲ့ပါတယ်။
မြန်မာစာကီးဘုတ်သွင်းကို အဆင်ပြေကြတဲ့သူတွေထက် အဆင်မပြေကြတဲ့သူတွေ
တ်ာတော်များများတွေ့ရပါတယ်။
အဲအတွက် အဆင်မပြေကြတဲ့သူတွေအတွက် ရည်ရွယ်ပြီး ကျွန်တော်က
iOS 5 အတွက် မြန်မာစာနှင့်မြန်မာစာကီးဘုတ် ထည့်သွင်းနည်း ( ၂ )
ထပ်မံတင်ပေးလိုက်ပါတယ်။


iOS 5 အတွက် မြန်မာစာ နှင့် မြန်မာစာကီးဘုတ် ထည့်သွင်းနည်း ( ၂ )
iOS 5 အတွက် မြန်မာစာ နှင့် မြန်မာစာကီးဘုတ် ဖို့အသုံးပြုဖို့အတွက် မိမိ idevice က
iOS version 5.0 နှင့် အထက်ရှိပြီး Jailbreak လုပ်ထားဖို့လိုပါတယ်။
iOS version 5.0 နှင်အထက်ဆိုတာ iOS 5.0 နှင့် 5.1 ကိုပြောတာပါ။
မိမိ idevice က iOS version 5.0 အောက်မှာ ရှိနေတယ်ဆိုရင် အောက်မှာ
မိမိ idevice iOS version နဲ့ကြိုက်ညီတဲ့ Jailbreak လုပ်နည်း နဲ့ မြန်မာစာ နှင့်
မြန်မာစာကီးဘုတ် ထည့်နည်းအောက်မှာလေ့လာနိုင်ပါတယ်။
iPhone/Pad/Pod touch အတွက် Jailbreak ပြုလုပ်နည်း
iOS 5.0 နှင့် အောက် iPhone/Pad/Pod touch ဇော်ဂျီ Font သွင်းနည်း
အဆင့် ၁
မိမိ idevice က iOS version 5.0 နှင့် အထက်ရှိပြီး Jailbreak လုပ်ထားပြီးပါက
Cydia ထဲက Manage >>> Sources မှာ >>> Edit >>> Add ကို နှိပ်ပြီး
http://cydia.macforus.com ကိုရိုက်ထည့်ပေးပါ။
အဆင့် ၂
Cydia ထဲက Manage >>> Sources မှာ >>> http://cydia.macforus.com သွင်းပြီးဆိုလျှင်
http://cydia.macforus.com ထဲမှ Zawgyi iOS 4.3 font ကို install ပြုလုပ်ပေးပါ။
iOS 5.0 နှင့် အထက်အတွက် Zawgyi iOS 4.3 font ကို install လုပ်တာက ကပိုပြီးအဆင်ပြေပါတယ်။
- မိမိ idevice မှာ မြန်မာစာအတွက် http://cydia.macforus.com ထဲမှာ
Zawgyi iOS 4.3 font install လုပ်မထားပဲ အခြား Zawgyi iOS font install လုပ်ထားပါက
Remove မလုပ်ပဲ Zawgyi font iOS Uninstaller နဲ့ပြုလုပ်ပေးပါ။
အခန့်မသင့် မိမိ idevice iOS ပြန်ပြီး မတက်ပါက restore လုပ်ပြီ
Jailbreak ပြန်ပြီး ပြုလုပ်ပါက ပိုပြီးအဆင်ပြေပါမယ်။
Zawgyi font iOS Uninstaller ပြုလုပ်ပြီးလျှင်
Zawgyi iOS 4.3 Font ကို install ပြုလုပ်ပေးပါ။
- ကျွန်တော်လေ့လာထားသလောက် Zawgyi font iOS Uninstaller မလုပ်မိပဲ
အခြား Zawgyi iOS font install လုပ်ထားမိလို့ remove ပြန်လုပ်ပါကလဲ
restart ကျပြီး iOS ပြန်မတက်တာမျိုးကြုံရပါတယ်။
အဆင့် ၃
မြန်မာစာကီးဘုတ်အတွက် http://cydia.macforus.com ထဲမှာ
MMKeyboard for iOS5 ကို install ပြုလုပ်ပေးပါ။
အဆင့် ၎
မြန်မာစာကီးဘုတ်ဖော်ဖို့အတွက် Setting >>> General >>> Keyboard ထဲမှ >>>
International Keyboards ထဲမှ Czech ကိုရွေးပေးပါ။
ပြီးရင် Setting ထဲကနေထွက်ပြီး စာရိုက်လို့ရမယ့် နေရာတစ်ခုမှာ ကီးဘုတ်ကိုကြည့်ပါ။
ကမ္ဘာလုံးပုံလေးနဲ့ ခလုတ်လေးကို နှစ်စက္ကန့်ခန့်ဖိထားလိုက်ရင် Zawgyi ဆိုတာလေးပေါ်လာပါမယ်။
အဲဒီထဲကိုဝင်ပါ။
အခုအဆင့်တွေ ပြီးဆုံးပြီဆိုလျှင် မိမိ idevice မှာ မြန်မာစာ နဲ့ မြန်မာစာကီးဘုတ်အတွက်
ကောင်းမွန်စွာအသုံးပြုလို့ရပါပြီ။


Soruce :  moeseth

microiphone

Video

teaser

mediabar

Powered by Blogger.

Archives

Search This Blog

    Blog Archive