Headlines
Published On:Friday, September 6, 2013
Posted by crrtws

iFile ဆိုတာ ဘာလဲ..? ဘယ်လိုသုံးကြမလဲ..?


iDevice တွေကို Jailbreak လုပ်ပြီး သုံးနေကြသူ၊ များသောအားဖြင့် "iFile" ဆိုတာလေးကို ကြားဖူးကြပါလိမ့်မယ် သို့ ပေမယ့် ဘယ်နေရာမှာ သုံးတာလဲ၊ ဘာအတွက် သုံးကြရသလဲ ဆိုတာကိုတော့ သေသေချာချာ မသိသူတွေ အများကြီး ရှိကောင်း ရှိနေကြဦးမှာပါ။

ဒါကြောင့် ယခု "iFile ဆိုတာ ဘာလဲ...?" ဆိုတဲ့ ဆောင်းပါးလေးနဲ့  မသိသေးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ရပါတယ်...

Apple ရဲ့  Mac computer ကို သုံးဖူးသူတွေ အနေနဲ့ တော့ "Finder" ဆိုတာကို ရင်းနှီးကြပြီးသားဖြစ်ပါလိမ့်မယ် (Windows မှာဆိုရင်တော့ "Explorer" ပဲပေါ့)။ "Finder" ကို ရင်းနှီးပြီးသား ဖြစ်မယ်ဆိုရင်တော့ "iFile" ဆိုတာ မစိမ်းတော့ပါဘူး။
"iFile" ဆိုတာဟာ iOS အတွက် "Finder" လိုပဲ မရှိမဖြစ်အရေးပါတဲ့ App တစ်ခုပါ။ ဒါပေမယ့် Jailbreak လုပ်ထားတဲ့ iDevice များမှာသာ "iFile" App ကို သွင်းယူနိုင်ခွင့်ရှိပါတယ်။

"iFile" ရဲ့  လုပ်ဆောင်ချက်တွေကတော့ အများကြီးပါ အဓိကအချက်ကို ခြုံငုံပြောရမည်ဆိုပါက မိမိ iDevice တွင်းရှိ System files များအပါအဝင် အခြား file များကိုပါ "manage" လုပ်နိုင်ပါတယ်။ "manage" လုပ်နိုင်ပြီ ဆိုထဲက File တွေကို မိမိစိတ်ကြိုက် Rename, Edit, Copy, Paste, Creat... အစသည်ဖြင့်တို့  လုပ်ဆောင်နိုင်ပါတယ်။

ဒီအပြင် ".deb" file များကိုလည်း "iFile" မှ နေ၍ တိုက်ရိုက် Install လုပ်နိုင်ပါတယ်။ ဆိုကြပါဆို့  "tweaks" တွေကို ".deb" file အနေနဲ့  website တစ်ခုကနေ download ချဖို့ ကြိုးစားတဲ့အခါ မိမိမှာ "iFile" Install မလုပ်ထားဖူးဆိုရင် "Safari" က error message သာ ပေါ်လာမှာဖြစ်ပါတယ်။
"iFile" ရှိနေပါက အောက်ပါပုံအတိုင်း ပေါ်လာပြီး အဆင်ပြေပြေ download လုပ်နိုင်၊ Install လုပ်နိုင်မှာဖြစ်ပါတယ်။



နောက်ထပ်အရေးပါ သိသာတဲ့ အချက်ကတော့ File တွေကို WiFi, Bluetooth တွေအသုံးပြုပြီး "Transfer" လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ "iFile" က သင့်ကို WiFi server တစ်ခုအဖြစ် ထောင်ခွင့်ပေးပြီး အဲဒီ WiFi မှာ အတူတစ်ကွ အသုံးပြုနေကြသူ အချင်ချင်း မည်သည့် web browser ကိုမဆို အသုံးပြု၍ ချိပ်ဆက်နိုင်ပါတယ်။ Bluetooth အနေနဲ့ ကတော့ "iFile" သွင်းထားတဲ့ iPhone နှစ်လုံးအချင်းချင်း ပေးပို့ နိုင်ပါလိမ့်မယ်။

ဒါကြောင့်မို့  Jailbreak လုပ်ထားကြတဲ့ မိတ်ဆွေများ အားလုံး အတွက် "iFile" ဆိုတာကို မရှိမနေ သွင်းထားဖို့  လိုအပ်ကြောင်း တိုက်တွန်းအပ်ပါတယ်...
ဒီမှာ iFile ၏ လုပ်ဆောင်ချက်များ ဗွီဒီယို


iFile ရယူနိုင်ရန်အတွက် "Cydia" မှ တိုက်ရိုက် source သွင်းယူ၍၎င်း၊ ".deb" file ကိုရယူ၍ ဤနည်းဖြင့် တစ်ဆင့် သွင်းယူ၍သော်၎င်း ရယူနိုင်ပါသည်။

Cydia တွင် Source အဖြစ် "http://sinfuliphonerepo.com" ကိုသွင်းယူပြီးနောက် "iFile Cracked" ကို ရှာ၍ Install လုပ်ပါ။

>> Download iFile 1.9.1-1.deb 

Credit to မိုးသိကြား

About the Author

Posted by crrtws on 9:27 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

By crrtws on 9:27 AM. Filed under . Follow any responses to the RSS 2.0. Leave a response

0 comments for "iFile ဆိုတာ ဘာလဲ..? ဘယ်လိုသုံးကြမလဲ..?"

Leave a reply

Video

teaser

mediabar

Powered by Blogger.

Archives

Search This Blog

    Blog Archive