Headlines
Published On:Friday, September 6, 2013
Posted by crrtws

Jailbreak မပျက်ပဲ iOS ကို Restore လုပ်ကြရအောင် (iOS 4.x.x > iOS 6.x.x)

Jailbreak လုပ်ထားသော iPhone, iPad, iPod အစရှိသည့် iDevices များမှာ အကြောင်းအမျိုးမျိုးကြောင့် ဘက်ထရီ အစားမြန်နေခြင်း၊ Safe mode တွင် တစ်ဝဲလည်လည်ဖြစ်နေခြင်းနှင့် ဘာမှ လုပ်မရပဲ ပန်းသီး Logo မှာ ရပ်နေခြင်း အစရှိသော ပြဿနာများ အခန့်  မသင့်ပါက ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။

ဒီအခါမျိုးမှာ iDevice ကို Restore ပြန်လုပ်လိုက်ရင် Firmware update ဖြစ်သွားပြီး Jailbreak လည်းပြုတ်သွားပါတယ်။
မိမိ Update Restore လုပ်မိသော Firmware သည် လက်ရှိမှာ Jailbreak ရရှိနေပါက Jailbreak ပြန်လုပ်ရန် လွယ်ကူသော်လည်း၊ Jailbreak မရရှိသေးတဲ့ Firmware ဖြစ်ပါက ဘာမှ မတတ်နိုင်တော့ပါ။

အထူးသဖြင့် software ဖြင့် Unlocked လုပ်ထားသော Locked ဖုန်းများမှာ အကြီးအကျယ် ဒုက္ခရောက်ပါပြီ...
အဲဒီ ပြဿနာများကို Computer အကူညီမလိုပဲ တစ်ချက်ထဲနဲ့  ဖြေရှင်းနိုင်ဖို့  ဆိုရင်...
အထက်ပါပြဿနာများ ဖြစ်လာပါက မိမိလက်ရှိ အသုံးပြုနေသော Firmware version ကို Jailbreak မပြုတ်စေပဲ Restore လုပ်နိုင်တဲ့ Tweak လေးတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ...

iLEX R.A.T လို့  အမည်ရပြီး Jailbreak သမားတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ Tweak လေးတစ်ခု ဖြစ်ပါတယ်။

iLEX R.A.T က ဖြေရှင်းပေးနိုင်တဲ့ ပြဿနာတွေက..

  • Battery အစားမြန်ခြင်း
  • Safe Mode မှာ ပါတ်နေခြင်း
  • Apple Logo မှာ တစ်နေခြင်း နှင့် အခြား ပြဿနာများလည်း ရှင်းပေးနိုင်ပါတယ်


iLEX R.A.T ကို iOS 4.x.x ကနေ iOS 6.x.x အထိ အသုံးပြုနေကြသော iPhone, iPad, iPad တို့ အားလုံးမှာ အလုပ်လုပ်နိုင်ပါလိမ့်မယ်..

iLEX R.A.T ၏ လက်ရှိနောက်ဆုံး Version အသစ်ဟာ (1.10-125) ဖြစ်ပြီး အရင် Version အဟောင်းနှင့် ကွာခြားချက်ကတော့ "Mobile Terminal" ရှိထားရန် မလိုတော့ပဲ တိုက်ရိုက် Restore လုပ်နိုင်သွားပါပြီ..
iLEX R.A.T ကို Run လိုက်တာနဲ့  "iLEX R.A.T" နှင့် "iLEX RESTORE" option နှစ်ခုကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။


ယင်း Option နှစ်ခုက တစ်ခုနှင့် တစ်ခု လုပ်ဆောင်ချက် အနည်းငယ် ကွားခြားပါတယ်။

"iLEX R.A.T"
  • မိမိ iDevice ထဲမှာ Install လုပ်ထားသော Cydia Tweaks တွေ အားလုံးကိုသာ ဖျက်ပစ်မှာဖြစ်ပါတယ်။
  • Settings နှင့် တစ်ကွ အခြားအရာများအားလုံး အရင်အတိုင်းပဲ မပျက်ပါ။
  • Jailbreak မပျက်ပါ (Cydia) icon ကို Home screen တွင် တွေ့ ရပါလိမ့်မည်။


"iLEX RESTORE"
  • မိမိ iDevice ထဲက အရာများများအားလုံးကို ဖျက်ပစ်ပြီး Stock firmware ဖြစ်အောင် Restore ပြန်လုပ်မှာ ဖြစ်ပါတယ်။
  • Reboot ပြန်တက်လာသည့် အခါ "Activation" ပါ အစ/ဆုံး ပြန်လုပ်ရန် လိုအပ်ပါတယ်။
  • Jailbreak မပျက်ပါ (Cydia) icon ကို Home screen တွင် တွေ့ ရပါလိမ့်မည်။


iLEX R.A.T ၏ Source " http://cydia.myrepospace.com/iLEXiNFO/ " ကို Cydia -> Edit -> Add နှင့် ထည်းသွင်းပြီး "iLEX R.A.T." ကိုသာ Install လုပ်ပါ။

"iLEX R.A.T" အသုံးပြုနည်း

နှစ်မျိုးရှိပါတယ် ပထမနည်းကတော့ မိမိ iDevice ၏ Home screen ရှိ "iLEX R.A.T" App ကိုနှိပ်ပြီး စိတ်ကြိုက် Option တစ်ခု ရွေးချယ်ပါက အလိုလျှောက် လုပ်ဆောင်သွားပါလိမ့်မည်။

ဒုတိယနည်းကတော့ PC ရှိ iFunBox ကို အသုံးပြုနည်းဖြစ်ပါတယ်..

၁) iDevice ကို PC နှင့် ချိပ်ဆက်လိုက်ပြီး "iFunBox" ကို Run ပါ။

၂) မိမိ Device ကို detect သိပါက ပုံတွင်ပြထားသည့်အတိုင်း (Quick Toolbox) tab ကို ရွေးလိုက်ပါ။


၃) ထို့ နောက် "SSH Terminal" ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း Box တစ်ခုတက်လာပါက အနီနှင့် ပြထားသော နေရာတွင် " rat " ဟုရိုက်ပါ။


၎) နောက်ဆုံးမှာ (Option 1) " 1 " ဟုရိုက်ပါ (Apple Logo မှာ တစ်နေသူများအတွက်)

အခြား Option များကိုတော့ လိုအပ်သလို ရွေးချယ်ပါ။ Fully Restore လုပ်လိုလျှင် (Option 12) " 12 " ဟုရိုက်ပါ။

၅) ပြီးလျှင် "Enter" နှိပ်ပါ။

၆) " Y " ဟုရိုက်ပါ။

ဒါဆိုရင် လုပ်ငန်းစဉ်အားလုံးကို အလိုလို လုပ်ဆောင်သွားမှာ ဖြစ်ပြီး နောက်ဆုံးမှာ ပြဿနာအားလုံး ပြေလည်းသွားပါလိမ့်မည်။

** မှတ်ချက်။ ။ Restore လုပ်ပါက မိမိ Device တွင်းရှိ Data များအားလုံး ပျက်သွားမည်ကို သတိရှိပါ။ **




Credit to : iLEX R.A.T.


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

ကြော်ငြာ Banner များကို "Click" လုပ်ပေးခြင်းဖြင့် မေတ္တာတုံ့ ပြန် အသိအမှတ် ပြုနိုင်ပါတယ်

မိုးသိကြား

About the Author

Posted by crrtws on 9:33 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

By crrtws on 9:33 AM. Filed under . Follow any responses to the RSS 2.0. Leave a response

0 comments for " Jailbreak မပျက်ပဲ iOS ကို Restore လုပ်ကြရအောင် (iOS 4.x.x > iOS 6.x.x) "

Leave a reply

Video

teaser

mediabar

Powered by Blogger.

Archives

Search This Blog

    Blog Archive