Headlines
Published On:Friday, September 6, 2013
Posted by crrtws

iOS5 အတွက် မြန်မာစာနှင့်ကီးဘုတ်ထည့်နည်း

ပထမဆုံး iOS 5 အတွက် မြန်မာစာကီးဘုတ် ကိုရေးသားပေးတဲ့
iOS 5 MM Keyboard Developer ကိုမိုးစက် ကိုကျေးဇူးတင်စကားပြောလိုက်ရအောင်….
အများကောင်းကျိုးအတွက် ရည့်ရွယ်ချက်ထားပြီး ကြိုးစားပေးခဲ့တဲ့ အတွက် ဂုဏ်ယူပြီး အားကျမိပါတယ်။
iOS 5 စထွက်ကထဲက မြန်မာစာအတွက် အဆင်ပြေခဲ့ပြီး မြန်မာစာကီးဘုတ်အတွက်
အဆင်မပြေခဲ့ပါဘူး။ Apple device အသုံးပြုတဲ့ မြန်မာလူမျိုးတွေအတွက် iOS 5 အထက်ကို
Update လုပ်ချင်ပေမဲ့ ကီးဘုတ်အသုံးပြုဖို့ အဆင်မပြေတဲ့အတွက်
တချို့ဆိုရင် iOS update လုပ်ချင်တဲ့ ရည်ရွယ်ချက်လေးတွေ ပျောက်ပျယ်ခဲ့ရပါတယ်။
အခု iOS 5 အတွက် မြန်မာစာကီးဘုတ်ထွက်ပြီဆိုတာနဲ့ ကျွန်တော်တို့
မြန်မာ Mobile Application Store က Admin ကိုသက်နိုင်စိုးက iOS 5 အတွက်
မန်မာစာကီးဘုတ်ထွက်ပါပြီ ဆိုတဲ့ ပို့စ်တခု တင်ပေးခဲ့ပါတယ်။
မြန်မာစာကီးဘုတ်သွင်းကို အဆင်ပြေကြတဲ့သူတွေထက် အဆင်မပြေကြတဲ့သူတွေ
တ်ာတော်များများတွေ့ရပါတယ်။
အဲအတွက် အဆင်မပြေကြတဲ့သူတွေအတွက် ရည်ရွယ်ပြီး ကျွန်တော်က
iOS 5 အတွက် မြန်မာစာနှင့်မြန်မာစာကီးဘုတ် ထည့်သွင်းနည်း ( ၂ )
ထပ်မံတင်ပေးလိုက်ပါတယ်။


iOS 5 အတွက် မြန်မာစာ နှင့် မြန်မာစာကီးဘုတ် ထည့်သွင်းနည်း ( ၂ )
iOS 5 အတွက် မြန်မာစာ နှင့် မြန်မာစာကီးဘုတ် ဖို့အသုံးပြုဖို့အတွက် မိမိ idevice က
iOS version 5.0 နှင့် အထက်ရှိပြီး Jailbreak လုပ်ထားဖို့လိုပါတယ်။
iOS version 5.0 နှင်အထက်ဆိုတာ iOS 5.0 နှင့် 5.1 ကိုပြောတာပါ။
မိမိ idevice က iOS version 5.0 အောက်မှာ ရှိနေတယ်ဆိုရင် အောက်မှာ
မိမိ idevice iOS version နဲ့ကြိုက်ညီတဲ့ Jailbreak လုပ်နည်း နဲ့ မြန်မာစာ နှင့်
မြန်မာစာကီးဘုတ် ထည့်နည်းအောက်မှာလေ့လာနိုင်ပါတယ်။
iPhone/Pad/Pod touch အတွက် Jailbreak ပြုလုပ်နည်း
iOS 5.0 နှင့် အောက် iPhone/Pad/Pod touch ဇော်ဂျီ Font သွင်းနည်း
အဆင့် ၁
မိမိ idevice က iOS version 5.0 နှင့် အထက်ရှိပြီး Jailbreak လုပ်ထားပြီးပါက
Cydia ထဲက Manage >>> Sources မှာ >>> Edit >>> Add ကို နှိပ်ပြီး
http://cydia.macforus.com ကိုရိုက်ထည့်ပေးပါ။
အဆင့် ၂
Cydia ထဲက Manage >>> Sources မှာ >>> http://cydia.macforus.com သွင်းပြီးဆိုလျှင်
http://cydia.macforus.com ထဲမှ Zawgyi iOS 4.3 font ကို install ပြုလုပ်ပေးပါ။
iOS 5.0 နှင့် အထက်အတွက် Zawgyi iOS 4.3 font ကို install လုပ်တာက ကပိုပြီးအဆင်ပြေပါတယ်။
- မိမိ idevice မှာ မြန်မာစာအတွက် http://cydia.macforus.com ထဲမှာ
Zawgyi iOS 4.3 font install လုပ်မထားပဲ အခြား Zawgyi iOS font install လုပ်ထားပါက
Remove မလုပ်ပဲ Zawgyi font iOS Uninstaller နဲ့ပြုလုပ်ပေးပါ။
အခန့်မသင့် မိမိ idevice iOS ပြန်ပြီး မတက်ပါက restore လုပ်ပြီ
Jailbreak ပြန်ပြီး ပြုလုပ်ပါက ပိုပြီးအဆင်ပြေပါမယ်။
Zawgyi font iOS Uninstaller ပြုလုပ်ပြီးလျှင်
Zawgyi iOS 4.3 Font ကို install ပြုလုပ်ပေးပါ။
- ကျွန်တော်လေ့လာထားသလောက် Zawgyi font iOS Uninstaller မလုပ်မိပဲ
အခြား Zawgyi iOS font install လုပ်ထားမိလို့ remove ပြန်လုပ်ပါကလဲ
restart ကျပြီး iOS ပြန်မတက်တာမျိုးကြုံရပါတယ်။
အဆင့် ၃
မြန်မာစာကီးဘုတ်အတွက် http://cydia.macforus.com ထဲမှာ
MMKeyboard for iOS5 ကို install ပြုလုပ်ပေးပါ။
အဆင့် ၎
မြန်မာစာကီးဘုတ်ဖော်ဖို့အတွက် Setting >>> General >>> Keyboard ထဲမှ >>>
International Keyboards ထဲမှ Czech ကိုရွေးပေးပါ။
ပြီးရင် Setting ထဲကနေထွက်ပြီး စာရိုက်လို့ရမယ့် နေရာတစ်ခုမှာ ကီးဘုတ်ကိုကြည့်ပါ။
ကမ္ဘာလုံးပုံလေးနဲ့ ခလုတ်လေးကို နှစ်စက္ကန့်ခန့်ဖိထားလိုက်ရင် Zawgyi ဆိုတာလေးပေါ်လာပါမယ်။
အဲဒီထဲကိုဝင်ပါ။
အခုအဆင့်တွေ ပြီးဆုံးပြီဆိုလျှင် မိမိ idevice မှာ မြန်မာစာ နဲ့ မြန်မာစာကီးဘုတ်အတွက်
ကောင်းမွန်စွာအသုံးပြုလို့ရပါပြီ။


Soruce :  moeseth

About the Author

Posted by crrtws on 9:19 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

By crrtws on 9:19 AM. Filed under . Follow any responses to the RSS 2.0. Leave a response

0 comments for "iOS5 အတွက် မြန်မာစာနှင့်ကီးဘုတ်ထည့်နည်း"

Leave a reply

Video

teaser

mediabar

Powered by Blogger.

Archives

Search This Blog

    Blog Archive